တစ်ကယ်ပါ……

11 07 2009

ဆေးရုံကို လူနာတစ်ယောက်ရောက်လာပါတယ်……
ကိုယ်ဝန်လာအပ်တာ… ဆေးစစ်ဖို့ စာရွက်စာတမ်းတွေ ရေးပေးလိုက်တယ်….
နောက်နေ့ ဆေးစစ်ချက်နဲ့ ပြန်လာပြတော့…HIV positive ..
ဒါနဲ့ HIV ရှိတယ်လို့ ပြောလိုက်တော့… နည်းနည်းလေးတောင် မတုန်လှုပ်..၊
အေးအေးဆေးဆေးနဲ့ ပြန်ပြောတာက……
´သင့်တော်တဲ့ဆေး ပေးပါ´၊ ´ဆရာမနဲ့ပဲ ကုပါ့မယ်´တဲ့။
´ဟဲ့ HIV ဆိုတာ ဘာလဲ မသိဘူးလား´ဆိုတော့
´မသိဘူးဆရာမ´… ´သင့်တော်တဲ့ဆေး ပေးပါ´ လို့ ဖြေတယ်…။
ဒါ ရန်ကုန်မြို့မှာ ဖြစ်သွားတဲ့ တစ်ကယ့် အဖြစ်အပျက်လေးပါ။
တစ်ကယ်ပါ……
ကျန်းမာရေး အသိတွေ အဲဒီ့လောက် ခေါင်းပါးနေတာ…..
ဒီလို ပြည်သူတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် ရှိနေမလဲ…။





Pls have a laughing for life !

25 06 2009

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ “
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…” အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ “
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
” ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် “
” မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
ရှင်းပြပါကွယ်”
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
” အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ “

ဘာသဘောမှမဟုတ်ပါဘူး…………….ပြုံးစေချင်ရုံသက်သက်ပါ





A/H1N1!

23 06 2009

အခုဆိုရင်အိမ်နီးချင်းနိုင်ငံများတွင် A/H1N1 (လူတုပ်ကွေး) ရောဂါပိုးများအလျှင်အမြန်ကူးစက်ပြန့်ပွားလျှက်ရှိရာ ကျွန်ုပ်တို့မြန်မာနိုင်ငံနေ နိုင်ငံသူ နိုင်ငံသား အပေါင်းလည်း အထူးဂရုစိုက်စေချင်ပါသည်။ အစိုးရအနေနှင့် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း မော်လမြိုင်ဘက်တွင် အဆိုပါရောဂါပိုးကူးစက်ခံရ၍ လူနှစ်ဦး အသက်ဆုံးရှုံးပြီး ဖြစ်ကြောင်းတစ်ဆင့်စကားဖြင့်ကြားရပါသည်။ ထို့ကြောင့် မိတ်ဆွေတို့လည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန်……………..





Blog Entry မမြင်ရသော ရေခဲတောင် အပိုင်း (တိုက်တန်းနစ် ဘာကြောင့်နစ်)

17 06 2009

တိုက်တန်းနစ်သင်္ဘော ရုပ်ရှင်ကို လူတိုင်းလိုလိုကြည့်ဖူးကြပါသည်။ တိုက်တန်းနစ်သင်္ဘောနစ်တာ ဘာကြောင့်ဆိုတာထက် သရုပ်ဆောင်တွေကြောင့် ရုပ်ရှင်က ပိုပြီး အရမ်းနာမည်ကြီးခဲ့ပါတယ်။ အလွန်ကြီးမားလှတဲ့ သင်္ဘောကြီး နစ်ခဲ့တာလည်း ကြာလှပါပြီ ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က အချိန်အထိ ကျွန်မကလည်း ရုပ်ရှင်အဖြစ်လောက်သာ သိရှိခဲ့သည် ပါပဲ။

မထင်မှတ်ပဲ မနှစ်က ကျွန်မတို့ စာထဲမှာ Organization Culture အကြောင်းကို သင်ရသည်။ အဲသည်မှာ အဖွဲ့ အစည်းတွေရဲ့ Cultures အကြောင်း မထင်မှတ်ပဲ အဖွဲ့ အစည်းတွေကို ရေခဲတောင်အဖြစ် ရူမြင်ပုံကိုပါ Organization iceberg အနေနဲ့ သင်လိုက်ရပါတယ်။ အဖွဲ့ အစည်းတွေကို အပေါ်ယံ ရေပြင်ထက်မှာ မြင်ရတဲ့ ရေခဲတောင်အနေနဲ့ မြင်ရသလို အောက်ခြေရေအောက်ပိုင်းမှာ ခဲနေတဲ့ အဆမတန် ကြီးမားတဲ့ ရေခဲတောင်ကြီးကလည်း အပေါ်ကနေ မမြင်နိုင်ပဲ အောက်ခြေမှာ ထုနဲ့ ထည်နဲ့ တည်ရှိနေတာကို ပုံအတိုင်းမြင်တွေ့ ရမှာဖြစ်ပါတယ်။
အလွန်ကြီးမားတဲ့ တိုက်တန်းနစ်သင်္ဘောနစ်တာဟာ ဒီလိုအောက်ခြေက ကြီးမားလှတဲ့ ရေခဲတောင်ကို အပေါ်ယံမှာ သင်္ဘောကပ္ပတိန်တွေက မမြင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ အပေါ်ယံမှာ အရှင်းသားမြင်နေရတဲ့ ရေခဲတောင်တွေဟာ သေးသေးလေးပါ။ ကပ္ပတိန်တွေဟာ သင်္ဘောနဲ့  ကြီးမားလှတဲ့ အဖြူရောင် ရေခဲတောင်ကြီးကို တိုက်မိတုန်း ချက်ခြင်းရှောင်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လမသာတဲ့ အဲဒီ့ ညမှာ သင်္ဘောကပြေးနေတဲ့အရှိန် Speed နဲ့ အောက်ခြေက ကြီးမားလှတဲ့ရေခဲတောင်ကြီးကို ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပဲ သင်္ဘောကြီးတစ်ခုလုံး နစ်မြုပ်ပြီး လူပေါင်းထောင်နဲ့ ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ကုမ္ပဏီ အဖွဲ့ အစည်းတွေကို စီမံအုပ်ချုပ်ရာမှာ ဒီလို အပေါ်ယံမြင်နိုင်တဲ့ ရေမျက်နှာပြင်ထက်က ရေခဲတောင်နဲ့ အလားတူတဲ့ အဖွဲ့ အစည်းတွေရဲ့  Formal စည်းမျဉ်းဥပဒေ အညီတွေနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေ ရည်မှန်းချက်တွေ ……..တရားဝင် မြင်တွေ့ နိုင်တဲ့ အရာတွေများစွာ ရှိပါတယ်။
ဒါပေမယ့် ဒီလိုအပေါ်ယံ ဥပဒေစည်းမျဉ်းတွေလို ဘောင်ဝင်မှ ဆုံးဖြတ်လို့ မရတဲ့ အောက်ခြေက မမြင်နိုင်တဲ့ ရေခဲတောင်နဲ့  တူတဲ့ လူတွေရဲ့ အပြုအမူ (Behaviours )တွေ နဲ့ အများဆုံးဆိုင်တဲ့ လူတွေရဲ့ ခံယူချက်တွေ ထင်မြင်ချက်တွေ ၊ပုန်းအောင်းနေတဲ့ စိတ်သဘောထားတွေဟာ အပေါ်ယံမှာ ထင်သာမြင်သာ မတွေ့ ရပေမယ့် အောက်ခြေရေခဲတောင်မှာ လုံးဝကို ရှိနေပါတယ်။ ဒါ့ကြောင့် အဖွဲ့ အစည်းတွေအနေနဲ့ ဒါတွေကိုပါ ထည့်မစဉ်းစားရင် သင်္ဘောနစ်သလို နစ်မြုပ်နိုင်ကြောင်း အဖွဲ့ အစည်းတွေကို ပြောင်းလဲဖို့ ကြိုးစားရာမှာရော အဖွဲ့ အစည်းတွေရဲ့ Cultures ကိုလေ့လာရာမှာ ဒီလိုမျိုး အပေါ်ယံမှာရော အောက်ခြေက မမြင်နိုင်တာတွေရော ထည့်ပေါင်းပြီးစဉ်းစားမှသာလျှင် မမျှော်လင့်တဲ့အဖြစ်ဆိုးမျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
သျှင်

(သျှင်ရဲ့ ဘလော့မှ ကူးယူလိုက်တာပါ။ )
iceberg(1)





To all E2 batch 6 students………

17 06 2009

သူငယ်ချင်းတို့
ဒီတစ်ပတ်တော့ အရင်အပတ်တွေလိုတော့မဟုတ်တော့ဘူးနော်။ ဒီတစ်ပတ်က စနေနေ့ကို ရွေ့ထားတယ်။ အထူးအဆန်းလေးဖြစ်အောင်လို့ပါ။ နီးစပ်ရာလေးတွေလဲ အကြောင်းကြားကြပါအုံး။ ဖြစ်နိုင်ရင်အားလုံးနဲ့ တွေ့ချင်တယ်ဗျာ။

Date………….. 20.6.09 (Sat)
Time…………..3:00 to 5:00 pm
Place…………. ရှမ်းအိုးစည် ကြော်ဆိုင်၊ အင်းလျားကန်ဘောင်





To all E2 Batch 6 students…..

5 06 2009

သူငယ်ချင်းတို့…
ကျွှန်တော် ကိုယ်တော်ချော ခိုင်ရီ (မနာလိုမဖြစ်နဲ့နော်) သည် အခုတလောအရှုပ်တွေလုပ်ပြီး အလုပ်ရှုပ်နေပါသဖြင့် Information ပေးနောက်ကျသဖြင့် ခွလွတ်ပေးပါရန် အဲ ဟုတ်ပေါင်.. ခွင့်လွတ်ပေးပါရန် အနူးအညွတ် ဇကောပန်အပ်ပါတယ်။ ကျွှန်တော်ကိုယ်တိုင် BAK center သို့ တစ်ခေါက်မျှမရောက်ဖူးပါ။ ကျွှန်တော် တောသားကဲ့သို့ BAK သို့မရောက်ဖူးသေးသောသူများရှိမည်ထင်ပါသည်။ သို့ဖြစ်ပါ၍ ထိုတောသား၊ တောသူများ ကျွှန်တော်နှင့်အတူ Egress မှ သွားရန်ဖိတ်ခေါ်အပ်ပါတယ်။ ကိုသန်းဝေကို လည်း Egress ကိုလာဖို့ ပြောပေးကြပါအုံး..။ ကျွှန်တော်လည်းမသွားတတ်ဘူး..။ သိတဲ့လူက သွားနှင့်ပေါ့…ဟင့်။ BAK မှာ ရန်ကုန်တစ်မြို့လုံးရဲ့အလှအပကိုခံစားရင်း ပျော်ပျော်ရွင်နဲ့ဆုံတွေ့ကြရအောင်ဗျာ…။ သောကတွေ၊ မောဟတွေ၊ စိတ်ဖိစီးမှုတွေ၊ အလုပ်တွေ ကိုခဏမေ့ထားပြီး ပျော်ရွင်မှုရေစီးကြောင်းမှာ လွတ်လပ်စွာစီးမျှောကြရအောင်ဗျာ… ခင်ဗျားတို့ စိတ်တွေနုပျိုသေးတယ်ဆိုရင်ပေါ့ဗျာ… ဟား..ဟား…

Date………. ( 7.6. 2009) Sun
Time………. 4:00 – 6:00 pm
Place……… BAK Centre or Egress

Khaing Yi





BAK Tower တွေ့ဆုံပွဲ

4 06 2009

ဒီတစ်ခေါက်တွေ့ဆုံပွဲကို ပုံမှန်အတိုင်း sunday ညနေ (4 )နာရီမှာဘဲတွေ့ ကြရအောင်။
နောက်တစ်ခေါက်ဆို ရင် တော့ စနေနေ့တွေ့ကြတာပေါ့။
သူငယ်ချင်းအားလုံးကို အရမ်းတွေ့ချင်တယ်။
information share ကြတာပေါ့။
သူရဇော်








Follow

Get every new post delivered to your Inbox.