ငါအိုသွားတဲ့အခါ

ငါအိုသွားသောအခါ အရင်လိုမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။စိတ်ရှည်ရှည်ထားဆက်ဆံပါ။
ချည့်နဲ့နဲ့လက်တွေ့နဲ့ ထမင်းဟင်းတွေဖိတ်ကျမိတဲ့အခါ အပေါ့အလေးသွားသည့်အခါ ငါ့ကိုမရွံပါနဲ့။ မင်းငယ်ငယ်တုန်းက ငါထမ်င်းဝါးပြီးခွံ့ကျွေးခဲ့တာတွေ အပေါ့အလေးသွားလို့ ငါဆေးကြောသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ ငါပြောဘူးတဲ့စကားတွေကို အပ်ကြောင်းထပ်မက ပြန်ပြောပြမိတဲ့အခါ စကားမဖြတ်ဘဲ စိတ်ရှည်စွာ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငါချော့သိပ်ခဲ့တာ သတိရပါ။
ငါမလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီပေးရတဲ့အခါ မငြိုငြင်ပါနဲ့၊ မင်းငယ်ငယ်တုန်းက ရေချိုးပေးခဲ့တာတွေကို မြင်ယောင်ပေးပါ။ ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ မင်းတို့ငယ်ငယ်တုန်းက လက်ကလေးတွေကို ကိုင်ပြီး ၀ လုံးရေးခိုင်းခဲ့တဲ့ လက်ဦးဆရာ မိဘများကို သတိရပေးပါ။ စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို သတိရပေးပါ။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် တတ်နိုင်သမျှ ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ကို နောက်ဆုံးအတွက်အဖော်ပြုပေးပါ။
မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပီတ်တွေနဲ့ ကျေနပ်နေမှာပါ။ အဲ့ဒီပီတီတွေနဲ့ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ချိုချိုဇင်မြင့်

One response

20 04 2009
thar gyi

ဟုတ်ကဲ့ပါ……ဘွားဘွား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s




Follow

Get every new post delivered to your Inbox.