လူတစ်ချို့ ကိုယ့်ဘ၀ထဲဝင်လာကြတယ်။

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့
မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား…!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ
ရှိနေပြီးသားပါ…

4 responses

12 04 2009
ddd

Very lovely to read.
Put something intresting like this again , please.
ddd

20 04 2009
thar gyi

လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်…….
အဲဒီလိုပါပဲ………..
လူတစ်ချို့ ကိုယ့်ဘ၀ထဲက
ထွက်သွားတယ်။

4 09 2009
pyaephyoaye

စာရေးဆရာကြီး ဦးသုခပြောတာလေးကို အမှတ်ရမိပါတယ်
လူဆိုတာလည်း သံသရာခရီးသည်တွေပဲ …
ကိုယ့်ဘ၀ထဲကို ၀င်လာလိုက် / ထွက်သွားလိုက်ပါ

12 07 2009
ဦးတေဇိန်

ဖတ်ရတာ ဗဟုသုတ ရပါတယ်
ဖုန်းကြီးတစ်ပါးအနေနဲ့ပြောရရင်
ကုသိုလ်ရပါတယ်
သူများအကျိုးရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့
တဲ့ ဆရာတောကြီးတစ်ပါးရဲ့ သြ၀ါဒပါ
စိတ်ပျက်အားငယ်တဲ့အခါ အားဆေးလေးပေါ့
ဒကါတော်
ကျန်းမာပါစေ
သူများအကျိုးဒီထက်မက ဆောင်ရွက်နိုင်ပါစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s




Follow

Get every new post delivered to your Inbox.