ချစ်ကြခင်ကြ ဒီဘ၀မှာ

အဆွေတော်တို့ရေ…
ဘလော့လေးကိုဝင်ဖတ်ရတာ အတန်းထဲပြန်ရောက်သွားသလို ခံစားရတယ်။ ဝေးနေတဲ့ အဆွေတော်တို့ အသံလေးတွေ ကြားရတာ တယ်ဝမ်းသာဖို့ကောင်းသကိုး။
ဒီဘလော့ထဲဝင်ကြည့်တိုင်း ကျွန်ုပ်ကျေနပ်အားရနှစ်သက်လွန်းလို့ တမြန်နေ့က တစ်ခါဝင်ကြည့်သေးတယ်။ အားပါးပါး…အဆွေတော်တစ်ယောက်က သေသေချာချာ ဘိုလိုဆဲထားတယ်ဟရို့။ ဒါပေမဲ့..ကျွန်ုပ်ပဲဥာဏ်မမီတာလားမသိ ။ သူဘာကိုရည်ရွယ်ပြီးရေးထားလဲ မသိလိုက်ပါ။ နောက်နေ့ကျ အဲဒီ ဆဲက့န်မန့်လေး…အဲ…ဆဲစာလေး ပျောက်သွားလို့ သက်ပြင်းကြီးချလိုက်နိုင်ပါတယ်။…အင်း…ဟင်း….ဟင်း(သက်ပြင်းချသံ)
ပြောရင်သကာလ ကျွန်ုပ်တို့ အင်္ဆေတော်တို့ တွေ့ဆုံကြတဲ့ ဒီနေရာကို တုတ်တပြက် ဓားတပြက်နေရာတစ်ခုတော့ မဖြစ်စေလိုပါ။ ပွင့်လင်း ချစ်ခင် နားလည်မှုရှိရှိနဲ့ Positive Thinking လေးတွေဝေမျှတဲ့ meeting point လေးပဲ ဖြစ်စေလိုပါကြောင်း။
အဆွေတော်တို့ကို ချစ်ခင်စွာ လွမ်းဆွတ်နေတဲ့
မိတ်ဆွေ

3 responses

2 05 2009
သားကြီး

ထောက်ခံတယ်ဗျို့

2 05 2009
e2batch6

ဟုတ်တယ် ဘလောခ်ထဲကို ၀င်ဆဲတယ်ဆိုတာ
တော်တော်ရိုင်းပါတယ် ဒါမျိုးမလုပ်သင့်ပါဘူး
သူငယ်ချင်းတွေအားလုံးအတွက် အဆက်အသွယ်ရအောင်
လုပ်ပေးထားတဲ့ ဒီဘလောခ်ကလေးမှာ ရင့်သီးကြမ်းတမ်းတဲ့
စကားမျိုးတွေ ဆဲတာမျိုးတွေ လုံးဝမလုပ်ဘို့ မေတ္တာရပ်ခံပါတယ်

4 09 2009
pyaephyoaye

အားလုံးကို ကျေးဇူးတင်ပါတယ်
အခုလို ဗဟုသုတ တွေကို မျှဝေတဲ့ အတွက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s




Follow

Get every new post delivered to your Inbox.